Monday, February 2, 2009

ပိုင်ဆိုင်ခွင့်

မင်းမချစ်ရင်လည်း အဝေးက ကြည့်နေရုံပဲပေါ့

ငါကို ချစ်ပါလို့ ပြောခွင့်မှ မရှိတာ

မင်းမုန်းရင်လည်း အဝေးက ချစ်နေရုံပဲပေါ့

ငါကို မမုန်းပါနဲ့လို့ တားခွင့်မှ မရှိတာ

မင်းသတိမရရင်လည်း အဝေးက တမ်းတနေရုံပဲပေါ့

ငါကို သတိရပါလို့ ပြောခွင့်မှ မရှိတာ

မင်းဂရုမစိုက်၊ လျစ်လျူရှူထားရင်လည်း အဝေးက တောင်းတနေရုံပဲပေါ့

ဂရုစိုက်ပါ၊ လျစ်လျူမရှူပါနဲ့လို့ တောင်းဆိုခွင့်မှ မရှိတာ

ချစ်ခြင်းတစ်ခုမှာ

ပိုင်ဆိုင်ခြင်းတွေ ရှိမယ်ဆိုတာ

ငါ ယုံကြည်တယ်လေ

တရားဝင်ပိုင်ဆိုင်ခွင့် မရှိတောင်

ငါရဲ့စိတ်ကူးတစ်ခုမှာ

ငါဟာ မင်းရဲ့ချစ်သူ ဖြစ်ခွင့်ရှိလေရဲ့

အဲ့ဒီမှာ အမုန်းမရှိဘူး

လွမ်းခြင်းတော့ ရှိမှာပေါ့

မင်းမှ မရှိတာ……။


ဆောင်းအိမ်မက်

No comments:

Post a Comment