Monday, February 2, 2009

မျဉ်းပြိုင်

အမြဲတမ်းရှုံးနေတဲ့ ငါ့ရဲ့စိတ်ကို

ငါဘယ်လို အနိုင်ပေးရမလဲ.............?

အမြဲတမ်း အနိုင်လိုချင်နေတဲ့

မင်းရဲ့စိတ်ကိုရော

ငါဘယ်လို နားလည်ပေးရမလဲ.........?

ပြိုင်နေတဲ့ မျဉ်းနှစ်ကြောင်းလို

ဘယ်တော့မှဆုံမှာ မဟုတ်နိုင်တဲ့

ငါတို့ နှစ်ယောက်ရဲ့

ကံကြမ္မာ ကိုရော...........

ငါဘယ်လို ယိုးမယ်ဖွဲရမလဲ.........?

အတ္တမာနတွေ ပြည့်ဝနေတဲ့
မင်းရဲ့ စိတ်ကို

ဖြစ်နိုင်မယ်ဆိုရင် ငါခဏလောက်

မြင်ကြည့်ချင်သလို...........

သံသယတွေပြည့်နှက်နေတဲ့

မင်းရဲ့နှလုံးသားထဲကိုလည်း

တခဏလောက် ၀င်ကြည့်လိုက်ချင်တယ်......၊

တွေ့တိုင်းပြောတတ်တဲ့

မင်းနှုတ်ဖျားက ချစ်တယ်ဆိုတဲ့

စကားတွေကရော............

အမှန်တကယ် မှ ဟုတ်ပါလေစ...၊

ငါ့ရင်ထဲမှာကိန်းအောင်း နေတဲ့

မင်းကိုချစ်တဲ့ အချစ်ကရော..................??????

No comments:

Post a Comment