ကျွန်တော် ဒီအကြောင်းကို ရေးရရင်ကောင်းမလား၊ မရေးရင်ကောင်းမလားလို့ တွေးမိသေးတယ်ဗျာ.... ပြီးတော့ မသေချာမရေရာရင်တော့ မကောင်းဘူးလေး..... အခုတော့ သေချာပါတယ်.. ဒါပေမဲ့လို့ အဓိက အချက်လေးတွေကို မေ့ထားလို့တော့ မရဘူးပေါ့ဗျာ... ကိုယ်က ဒါကိုရပြီးဆိုပြီး သူများကို ဆရာကြီးလုပ်လို့တော့ မရဘူးဗျာ..... အာနည်းနည်းများသွားတယ်...
ဟုတ်ပီး စတော့မယ်ဗျာ...... အခု ကျွန်တော်တို့ Window စစတက်ချင်း window login ကို မြင်ရမှာပါဗျာ...

အဲဒီတော့ window ထဲကို ၀င်လို့မရဘူးလေး password ပေးထားတယ်ဆိုတော့ မရနိုင်ဘူး... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ????
အဲဒီတော့ window ကို restart ပြန်လုပ်လိုက်ပေါ့ဗျာ... အဲဒီတော့ စက်ပြန်တက်လာတာနဲ့ F8 ကို နှိပ်ရင် safe mode ကို ရောက်မှာပါ ....

အဲတော့ ပုံမှာ မြင်တဲ့အတိုင်းပဲ safe mode ထဲကို ၀င်လိုက်ပါ... ၀င်ပြီးရင် ခဏလေး စောင့်ရမှာပါ.. အင်္ဂလိပ်စာတွေ အများကြီးပေါ့ဗျာ ဆက်တိုက်တက်နေတာ ပြီးရတော့ အောက်က ပုံအတိုင်း ပေါ်လာမှာပါ

အဲတော့ administrator ထဲကို ၀င်လိုက်ပါ ... ၀င်ပြီးတော့ window တက်လာတာပေါ့ဗျာ.. မှတ်ချက်အနေနဲ့ administrator ကို password ပေးထားရင်တော့ ရမှာမဟုတ်ပါဘူး အခု ကျွန်တော် တင်လိုက်တဲ့ post ဟာ.. အိုကေ ထားပါတော့.. ဆက်ပြောမယ်ဗျာ... ပုံမှာမြင်တဲ့အတိုင်း .. အဲနေရာကို ဖွင့်လိုက်ပါ.. Start... Settings... control panel ကိုဖွင့်လိုက်ပါ

အဲဒါပြီးရင်

ဆက်ဖွင့်ပါဗျာ.. ခဏလေး စိတ်ကုန်တယ် ကောင်းကောင်းကို မလုပ်ရဘူး... ခေါ်နေတယ် သွားလိုက်ဦးမယ်.. ကဲ ပြန်စမယ် အဲတော့ user accouts ကို ရောက်သွားမှာပါ

အခု သူငယ်ချင်းတို့ ဆီမှာ ရှိတဲ့ သက်ဆိုင်ရာ user ရဲ့  ကို နှိပ်ပြီး ပုံပါအတိုင်း Remove the password ကို ပေးလိုက်ပါ ဒါဆိုရင် အိုကေသွားပီး.... Window logo နဲ့ L ကို တွဲနှိပ်ပါ.. ဆိုလိုတာက window ကို log ပေးလိုက်တဲ့ သဘောပါပဲ.. ပေးပီးရင် user ထဲကို ပြန်ဝင်ပါ password ပြုတ်သွားတာကို မြင်ရမှာပါ.. ဒါဆိုရင် အောင်မြင်စွာပြီးဆုံးသွားပါပြီး... နောက်တစ်နည်းကတော့ ပုံပါအတိုင်း မြင်နေရမှာပါ

အဲဒီ user နေရာမှာ Administrator ရိုက်ထည့်လိုက်ပါ ပြီးရင် OK ပေးလိုက်ပါ password ဘာမှထည့်စရာမလိုပါဘူး.. အဲဒါဆိုရင် window တက်လာပါပြီး တက်လာရင်တော့ အပေါ်က ကျွန်တော် ပြောထားတဲ့ ပုံစံအတိုင်းနဲ့ သွားရမှာပါခင်ဗျာ... ဓာတ်ပုံတွေကတော့ ကြုံတဲ့ပုံကို ကောက်ထည့်ထားတာပါ.. ပုံနဲ့ဆိုတော့ ပိုပြီးတော့ ရှင်းအောင်လို့ပါ.. သီးခံပြီး ဖတ်ပြီး လုပ်ကြည့်ပါ အဆင်ပြေပါစေဗျာ..

ဆောင်းအိမ်မက်
No comments:
Post a Comment